Orbis flying eye hospital

Submitted by: anonymous , Created at : 2008-02-20 05:33:27 UTC [Write Comment]

ORBIS

မျက်စိအထူးကုလေယာဉ်သည် ဖေဖေါ်ဝါရီလ နောက်ဆုံးပတ်အတွင်း မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အောဘစ်(စ်)မျက်စိအထူးကု လေယာဉ်သည် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ လှည့်လည်၍ မျက်စိနှင့် ပတ်သက်သော ရောဂါများကို ကုသပေးနေသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံသို့ နှစ်နှစ်လျှင်တစ်ကြိမ်ခန့် လာရောက်လေ့ရှိကြောင်း သိရှိရသည်။ ယခုလနောက်ဆုံးပတ်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး မတ်လ ၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း မျက်စိဘဏ်တာဝန်ခံ ဒေါက်တာညွန့်အောင်က ပြောကြားခဲ့သည်။

အောဘစ်(စ်) မျက်စိအထူးကုလေယာဉ် လာရောက်စဉ်တွင် ကုသလိုသော လူနာများအနေဖြင့် ကြိုတင်စာရင်းပေးထားရမည်ဖြစ်ပြီး မျက်စိဘဏ်မှတာဝန်ရှိသူများက ခွဲစိတ်ကုသရန် အမှန်တကယ်လိုအပ်သောလူနာများအား ရွေးချယ်၍ ကုသရန် စီစဉ်ပေးမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Weekly Eleven Journal, February 20, 2008.